ပင်းတယမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP ၊ ဇူလိုင် ၂၄      

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ငှက်ပျောတောရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် ပင်းတယမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်ဘိုမြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ သတိပြုရမည့်အချက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်များနှင့် မြန်မာ နိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော မီးဘေး၊ ရေဘေး၊လေဘေး၊ ငလျင်ဘေး အစရှိသည့် ဘေး အန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ဉပဒေများအကြောင်းကို  အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ပင်းတယမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်း မာသိန်းက သဘာဝဘေးအန္တရာယ်မကျရောက်မှီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ အား အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် ပင်းတယမြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးဇင်ဘိုမြင့်နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်သည့် နည်းစနစ်များနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)