ပြန်ကြားရေးဝန်ကြီးဌာနမိသားစုများ၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာနမိသားစုများ၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ







MNP ၊ ဇူလိုင် ၂၂

ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နန်းဦးပရိယတ္တိစာသင်တိုက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍  ဖွင့်လှစ်ခဲ့ပြီး ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးပူဇော် ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြပြီး နန်းဦးပရဟိတဆရာတော် ဘန္ဒတဦးဇောတိကက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ရခြင်း၏ အကျိုးတရားများကို ဟောကြားတော်မူခဲ့သည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ပင့်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း၊ ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


 ထို့နောက် “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမိသားစုများက လှူဒါန်းငွေကျပ်(၈၀၀၀၀၀/-)၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၁၄၅၂၀၀၀/-)၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၄၀၀၀၀၀/-)၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမိသားစုများက လှူဒါန်းငွေကျပ်(၃၀၀၀၀၀/-)နှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၁၁၅၀၀၀/-)ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန် မိသားစု)များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ကျပ်(၃၀၆၇၀၀၀/-)ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)