Pages

Pages

ဗန်းမော်မူလတန်းကြိုကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်





MNP ၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပူဇော်ပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ညောင်ပင်ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး ရေရှင်ပရဟိတကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာရ အမှူးပြုသည့် ဆရာတော်သံဃာတော်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော် နာယူဆောက်တည်ခဲ့ကြသည်။


ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဥမ္မာဦး နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်း နှင့် ဆရာမများ၊ မူလတန်းကြိုကလေးငယ်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق