Pages

Pages

သုံးခွမြို့နယ်၊ မင်းရွာ ကျေးရွာအထက(ခွဲ)ကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်




MNP ၊ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မင်းရွာကျေးရွာ၊ အထက( ခွဲ) မင်းရွာ ကျောင်း၌၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ပညာရေးမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကိုဇူလှိုင်လ ၂၈ရက် နံနက်၉နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပထမဦးစွာ မင်းရွာကျေးရွာ၊ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒ ထံမှ မင်းရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မော် မော်၊ ကျောင်းအကျိုးတော်‌ဆောင်အဖွဲ့၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊က ငါးပါးသီလခံသည်။

ယင်းနောက်ဆရာ‌တော်က ဝါဆိုသင်္ကန်းလှူဒါန်းခြင်း၏ အကျိုး‌ ကျေးဇူးများကိုပြောကြားပြီး သြဝါဒစကားမြွက်ကြားသည်။ ထို့နောက် ဆရာတော်များထံ မှ ဧည့်ပရိသတ်များက အန္တရာယ်ကင်းပရိတ်တရား‌ တော်များ  နာယူသည်။

ဆက်လက်၍ ဆရာ‌တော် ဘဒ္ဒန္တကောဝိဒ အမှူးပြု‌သော သံဃာတော်ငါးပါး အားဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထု ငွေ၊ လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်က အနုမောဒနာ‌ ဟောကြားကာ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှဝေခဲ့ပသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق