တပ်ကုန်းမြို့၌ သီးနှံစိုက်ပျိုးမှုအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ သီးနှံစိုက်ပျိုးမှုအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူများနှင့်တွေ့ဆုံ




MNP ၊ ဇူလိုင် ၂၅      

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ကျေးချောင်း(မ)ရွာတွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ သီးနှံစိုက်ပျိုးမှုအဆင်ပြေစေရန် တောင်သူများနှင့် တွေဆုံခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဆောင်ရွက်နေမှုအစီအစဉ်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းတာဝန်ရှိသူများနှင့် လုပ်ငန်းပေါင်းစပ် လုပ်ကိုင်နိုင်‌ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမြတ်သူက ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဆည်ရေပေးဝေမှုစနစ်များ ရှင်းလင်း­ပြောကြားခဲ့သည်။


ထို့နောက် နေ့လယ်ပိုင်းတွင် ကျေးချောင်း(မ)ရွာ၊ ကွင်းအမှတ် ၁၂၉၆ ကွင်း၊ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဝက်မွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)