MNP ၊ ဇူလိုင် ၂၅
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ တေရသမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခမ်းအနားကျင်းပရာတွင် ဆရာတော် သံဃာတော်(၉)ပါးကို ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့ ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျ စီစဉ်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က အတည်ပြုဆုံးဖြတ်ရမည့်အချက်များ ဆုံးဖြတ်ပေးပြီး ဆပ်ကော်မတီများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق