ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊ ဇူလိုင် ၂၅      

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပုဂ္ဂလိကဆေးရုံများ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်၊၊


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ပုဂ္ဂလိကဆေးရုံများ၊ အထူးကု ဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကြန့်ကြာမှုများမရှိစေရေး၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်လိုသော ပုဂ္ဂိုလ်များသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာနည်းဥပဒေများတွင် ပြဌာန်းထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပြီး လုပ်ငန်းလိုင်စင်လျှောက်ထားနိုင်စေရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းသည်။


ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ပြည်နယ်အတွင်း ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အခက်အခဲများကို စုပေါင်းအဖြေရှာ ကျော်လွှားနိုင်စေရန်နှင့် ပြည်သူများအတွက် လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရေးအတွက် ပြောကြားပြီး ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေဖြင့် လိုက်နာရမည့် စည်ကမ်းချက်များ၊ လုံခြုံရေးအခြေအနေအတွက် ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂလိကဆေးရုံများ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်များက မိတ်ဆက်စကားပြောကြားပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမော်ဦးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုဂ္ဂလိကဆေးရုံများ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြာင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)