Pages

Pages

သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်များ ဆက်လက်ကောက်ယူ




MNP ၊ ဇူလိုင် ၂၆      

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူရနှင့် ဝန်ထမ်းများမှ ယနေ့နံနက် (၁၀) နာရီအချိန်က သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်အတွင်းရှိ  ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန မြို့နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ဇူလိုင်လ (၂၄) ရက်နေ့က သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ ပြည်သူ (၅၈) ဦး၏  Biometric Data ကောက်ယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق