Pages

Pages

မိုးမိတ်မြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာ မြစိမ်းရောင်(အသားကဏ္ဍ) ကျပ် (၄၁၀) သိန်းဖြင့် ဒုတိယအကြိမ် မျိုးကောင်းမျိုးသန့် ကျွဲ၊ နွား ဖြန့်ဖြူးခြင်း





MNP ၊ ဇူလိုင်   ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စု၊  ဘော်ဒေကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ မြစိမ်းရောင် (အသားကဏ္ဍ) ကျပ်( ၄၁၀) သိန်းဖြင့် ဒုတိယအကြိမ် မျိုးကောင်းမျိုးသန့် ကျွဲ၊နွား  ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့   နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများ ၊ တာဝန်ရှိသူများက  ဒေသခံတိုင်းရင်းသားများ ထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဖြန့်ဖြူးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်က ကျေးရွာနေပြည်သူ များ  အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး စီးပွားရေးကုစားပေးနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင် (အသားကဏ္ဍ) ကျပ် (၄၁၀) သိန်းဖြင့် ဒုတိယအကြိမ် မျိုးကောင်းမျိုးသန့် ကျွဲ၊ နွားဖြန့်ဖြူး ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မွေးတောင်သူတစ်ဦးလျင် ကျပ်(၁၀)သိန်း ရရှိမည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်ကျပ်တိုးဖြင့် (၃)လ တစ်ဖြတ် ပေးသွင်းရမည်ဖြစ်ရာ (၃)နှစ်မွေးမြူရမည်ဖြစ်ပြီး မိမိတို့ အကျိုးစီးပွား မှသည် ရပ်ရွာအကျိုးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဟု ပြောကြားခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် မွေးတောင်သူ (၄၁) ဦးတို့အား ကျပ် (၁၀) သိန်းတန်ဖိုးရှိ မျိုးကောင်းမျိုးသန့်ဒေသ ကျွဲ ၊ နွားတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။


စည်သူဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق