MNP ၊ ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက် သီးနှံအမျိုးမျိုး၊ ငရုပ်၊ ဝါ၊ ပြောင်း၊ နနွင်း၊ ကျွဲနွားစာနှင့် ဟင်းသီးဟင်းရွက်များစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း (၆) ခုရှိပြီး ဟင်းသီး၊ ဟင်းရွက် များကို မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၅၃၆) ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၂၁၇) ဧက၊ သင်းဒီး စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၉၅)ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၃၀)ဧက၊ စမာ စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၃၇၅) ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၆၇) ဧက စုစုပေါင်း (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အနေဖြင့် ဟင်းသီးဟင်းရွက်များကို မြစ်ရေတင်စိုက်ပျိုးခြင်း၊ မြေအောက်ရေ (စက်ရေတွင်း) များဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့် ဒေသ အလိုက် ခဝဲ၊ ခရမ်း၊ ပန်းမုံလာ၊ မုံလာဥ၊ မုံလာပွင့်၊ ဘူး၊ ဖရုံ၊ နံနံ၊ ဆလပ်၊ ရုံပတီ၊ ကြက်ဟင်းခါး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်၊ သံပယို စသည့်သီးနှံများ အဓိကစိုက်ပျိုးကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများထံမှ သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق