သုံးခွမြို့နယ်တွင် စိုက်ဘဏ် ကွန်ပျူတာစာရေးက လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေ သိန်း ၂၀၀၀ ခန့် လိမ်လည်ထွက်ပြေးသွားကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်တွင် စိုက်ဘဏ် ကွန်ပျူတာစာရေးက လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေ သိန်း ၂၀၀၀ ခန့် လိမ်လည်ထွက်ပြေးသွားကြောင်း သိရ


MNP ၊ ဇူလိုင် ၂၉

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် (သုံးခွ)ရုံးမှ ဘဏ်ရုံးဝန်ထမ်း အောင်ကိုကိုထွန်း (ခ) အောင်ကိုကို ကွန်ပျူတာစာရေးသည် သုံးခွမြို့နယ် ကျေးရွာပေါင်း ၆၄ ရွာရှိသည့်အနက် ကျေးရွာ၂၂ရွာ ရှိ တောင်သူများအား ချလံအတု၊ စာအုပ်အတွင်း စာရင်းအတုပြုလုပ်ရေးသွင်း၍ နိုင်ငံတော်သို့ ပေးသွင်းရမည့် စိုက်ပျိုးစရိတ်ချေးငွေ သိန်း နှစ်ထောင် ခန့်အား အလွဲသုံးစားပြုလုပ်ကာ တိမ်းရှောင်ထွက်ပြေးနေကြောင်း တောင်သူများထံမှ သိရသည်။

ဒေသခံတောင်သူတစ်ဦးက "စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်ပျိုးရေးဘဏ်ဝန်ထမ်းက လိမ်လည်သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးခွမြို့နယ် မ.စ.ဖ အဖွဲ့ မှ ဗိုလ်မှူး က မြေပြင်အနေအထားများကို ကွင်းဆင်းစစ်ဆေးပြီး သုံးခွမြို့နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မန်နေဂျာနှင့် ကျန်ဝန်ထမ်းများ၊ ရုံးအတွင်းရှိ CCTV မှတ်တမ်းများ၊ ချလန်ဖြတ်ပိုင်းအတုများကို ကြည့်ရှူစစ်ဆေးခဲ့ပါတယ်။ စိုက်ဘဏ်ဝန်ထမ်း အောင်ကိုကိုရဲ့ မိသားစုဝင်များကို ခေါ်ယူတွေ့ဆုံပြီး ပထမအဆင့်အနေဖြင့် လိမ်လည်ယူဆောင်သွားသည့် ငွေကြေးပမာဏအား ပြန်လည်ပေးဆောင်ရန်ညှိနှိုင်းပြောဆိုပေးခဲ့ပါတယ်။ ဇူလိုင်လ ၁၇ ရက် တနင်္လာနေ့က ပထမဆုံးစိစစ်တွေ့ရှိရသော သုံးခွမြို့နယ် မင်းရွာမှ တောင်သူ ၈ ဦး၊ အခြားကျေးရွာတချို့ဖြစ်သော အိဿယျကျေးရွာ၊ ကျားဝင်းကျေးရွာမှ တောင်သူလယ်သမားများနှင့်တွေဆုံခဲ့ပြီး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်" ဟု ပြောသည်။

ညှိနှိုင်းဆွေးနွေးရာတွင် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချိန်နှင့် ဆပ်ချိန်များတွင် ဆောင်ရွက်လိုက်နာရမည့် စည်းကမ်းချက်များကို နားလည်သပေါက်စေလိုကြောင်း၊ အောင်ကိုကို၏ မိသားစုဝင်များမှ မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်သို့ သိန်းတစ်ထောင်ခန့် ပဏာမရှိ ငွေကြေများအားလာရောက် ပေးဆောင်ထားကြောင်း၊ ထိုငွေများဖြင့် တောင်သူများ၏ ဆုံးရှုံးသွားသည့် ငွေကြေး၏ ၅၀ရာခိုင်နှုန်း ကို တာဝန်ခံကာပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများမှ အဆိုပါငွေအားလက်မခံနိုင်ပါက သက်ဆိုင်ရာ သို့ အဆင့်ဆင့်တိုင်ကြားနိုင်ကြောင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တောင်သူလယ်သမားများ၏ သဘောဆန္ဒကိုမေးမြန်းကာ တောင်သူများက ဝန်ထမ်းကောင်းမပီသသည့် ဝန်ထမ်းတစ်ဦးကြောင့် နစ်နာဆုံရှုံးခဲ့ရသည့် ငွေကြေးများအနက် ၅၀ ရာခိုင်နှုန်းသော ငွေကြေးအား ပြန်လည်ရရှိပါက ကျေနပ်ပါကြောင်း၊ အဆင့်ဆင့် မတိုင်ကြားတော့ပဲ မိမိတို့ သည်အဆိုပါဝန်ထမ်း အောင်ကိုကိုအား ယုံကြည်မိသဖြင့် မိမိတို့တွင်လည်း တာဝန်မကင်းပါကြောင်း၊ ညှိနှိုင်းဆောင်ရွက်ပေးသည်ကို တောင်သူလယ်သမားမျာက လက်ခံခဲ့ကြကြောင်း သိရသည်။

အထက်ပါဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီးနောက် တောင်သူများမှာ စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို အကျေအလည် ပေးဆပ်ပြီးသော်လည်း ယခုထိ ဘဏ်ချေးငွေ ပြန်လည် ထုတ်ချေးရယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)