အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်း အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်း အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက်ပိုင်းကအမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာနှင့် ဈေးရပ်ကွက် ကွက်သစ်ပိုင်းတို့တွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆကံရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း

အသင်းဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ  ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် လူနေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွား စေနိုင်သော ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း စသည့် နေရာများတွင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။


 ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များအား မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကျန်မာရေးအသိပညာပေး‌ဆွေး နွေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)