MNP ၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဝန်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်ကိုယ်စား ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းစွမ်းရည်မြှင့် Office Management Training သင်ခန်းစာများဖြစ်သည့် ရုံးလုပ်ငန်းတစ်ခု၏ အရေးကြီးသော လုပ်ငန်းတာဝန်များအကြောင်း၊ ရုံးလုပ်ငန်းတစ်ခု စနစ်ကျဖွဲ့စည်းနိုင်ရေး အခြေခံစည်းမျဉ်းများ၊ ကောင်းမွန်သော ရုံးလုပ်ငန်းပတ်ဝန်းကျင်အနေအထား တစ်ခုဖန်တီးခြင်း၊ ရုံးစာများနှင့် သတင်းအချက်အလက်များအား အချိန်မီပေးပို့နိုင်ရေး ပြင်ဆင်ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းလုပ်ငန်းများအကြောင်း၊ ဝန်ထမ်းများအချင်းချင်းကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်စေခြင်း၊ ရုံးတွင်းနေ့စဉ်ဆောက်ရွက်ရန်ကိစ္စများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းနှင့် တွန်းအားပေးစေ့ဆော်မှုပြုခြင်းစသည့် အကြောင်းအရာများအား ဆွေးနွေးမျှဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ပြင်ဦးလွင်ခရိုင်ရုံးကြီးကြပ်မှုအောက်ရှိ မြို့နယ်/ မြို့ရုံးများမှ ဝန်ထမ်းများအား Zoom Virtual System ဖြင့် သင်ကြားဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق