ဒေးဒရဲမြို့၌ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါး (၁၀)တင်း ပိုမိုထွက်ရှိရေး အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့၌ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါး (၁၀)တင်း ပိုမိုထွက်ရှိရေး အသိပညာပေးဆွေးနွေး


MNP ၊ ဇူလိုင်   ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာများရှိ မိုးစပါးစိုက်ပျိုးလယ်မြေများတွင် တစ်ဧက စပါး(၁၀)တင်းနှုန်း ပိုမိုတိုးတက် ထွက်ရှိရေး ကျေးရွာများတွင် အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီက သက္ကယ်ချောင် ကျေးရွာ အုပ်စု၊ ရွှေဘိုစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ  ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်စိုးက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေများကို တောင်သူများ သိရှိနိုင် စေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ကျေးလက်နေပြည်သူများ ဝင်ငွေအခွင့်အလမ်းများ တိုးတက်စေရေးအတွက် စပါးအထွက် တိုးနည်းစနစ်များကို ကျေးရွာများ အရောက် ဖြန့်ဝေပေးလျက်ရှိရာ တောင်သူများအား တစ်ဧက စပါး (၁၀)တင်း ထွက်ရှိရေးနည်းလမ်းများဖြစ်သည့် စပါးစိုက်ချိန်နှင့် အထွက်နှုန်း ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျသုံးစွဲရေးနှင့် ပိုမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၇၄၉၃၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် အထွက်ကောင်းမျိုး ပြောင်းလဲစိုက်ပျိုးခြင်း၊ ကြဲခင်းအထွက်တိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ နှုံးထည့်သွင်းစိုက်ပျိုးခြင်း၊ ကောက်ရိုးဆွေးထည့် သွင်းခြင်း၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးခြင်းနှင့် ဓာတ်မြေသြဇာအချိန်ကိုက် အချိုးချသုံး စွဲခြင်းစသည့် နည်းစနစ်များဖြင့် စပါး အထွက်နှုန်းတိုးထွက်ရေး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)