ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်


MNP ၊ ဇူလိုင်   ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်း အနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲ(၁)နာရီခွဲတွင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးဌေး၊ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုနှင့် တာဝန်ရှိ သူများက ဝန်ထမ်းသာသမီးများအား ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကြသည်။


၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်ထောက်ပံ့မှုမှာ မူလတန်းတစ်ဦး လျှင် ငွေကျပ်(၁)သောင်းနှုန်းဖြင့် (၃၂)ဦး၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀)နှုန်းဖြင့် (၉)ဦး၊ အထက်တန်းတစ်ဦးလျှင် ငွေကျပ် (၁)သောင်းခွဲနှုန်းဖြင့် (၇)ဦးနှင့် တက္ကသိုလ်တစ်ဦးလျှင် ငွေကျပ် (၂)သောင်းနှုန်းဖြင့် (၇)ဦး စုစုပေါင်း ကျောင်းသား/သူ (၅၅)ဦးအတွက် ငွေကျပ် (၆)သိန်း (၇)သောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)