Pages

Pages

မင်းလှမြို့၌ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်






MNP ၊ ဇူလိုင်   ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေး Campaign အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ဇေယျာ သီရိဈေးတွင် ဈေးရောင်း စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများ အား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအား ညစ်ညမ်း‌စေခြင်း၊ သက်ရှိသတ္တဝါများ အတွက်အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ် အစားငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့်  ထုတ်ပိုးပစ္စည်းများအစားထိုး အသုံးပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု‌ဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost





ليست هناك تعليقات:

إرسال تعليق