မိုင်းကိုင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းကိုင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်





MNP ၊ ဇူလိုင် ၂၉     

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သန်း ခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့မနက်ပိုင်းက မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ စတင်ကွင်းဆင်းဆောင်ရွက် ခဲ့သည်။


   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် စာရင်းကောက်ယူရမည့်ဒေ သများ၊ လူနေထိုင်သောအိမ် ထောင်စုများ ထပ်ခြင်း၊ ကျန် ခြင်းမရှိစေရန်အတွက် နယ်နိ မိတ်တိကျမှန်ကန်သည့် စာရင်း ကောက်ကွက်များဖြင့်ပိုင်းခြား သတ်မှတ်ခြင်း၊ မြေပုံရေးဆွဲပြု စုခြင်းလုပ်ငန်းများကို Geographic Information System (GIS) နည်းပညာကို အသုံးပြု၍ လွိုင်လင်ခရိုင်နှင့် မိုင်းကိုင်မြို့နယ် လဝက ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရာအိမ်မှူးများက ပူး ပေါင်းဆောင်ရွက်ခဲ့သည်။


   အဆိုပါ သန်းခေါင်စာရင်းယူ နစ်များ Census Units ရေးဆွဲ ခြင်းလုပ်ငန်းကို လွိုင်လင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီး မှူးဦးသိန်းထူးအောင်၊ မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေး မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဦးစီး မှူး ဦးထွန်းလှကျော် တို့က ကြည့်ရှု့ကြီးကြပ်ခဲ့ပြီး လိုအပ် သည်များ  ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။


ချော

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)