ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ ဇူလိုင် ၂၅      

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက  “စာကြည့်တိုက်စီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်မှ စစ်ဆေးခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်း ခေါင်းစဉ်ပါ ကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်များကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်း၍ စာအုပ်များတိုးပွားလာစေရန် ဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။  ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက စာအုပ်များလေလွင့်ပြုန်းတီးမှုမဖြစ်စေရန် လိုက်နာရမည့်အချက်များကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက စစ်ဆေးမှုစနစ်၊ စစ်ဆေးချိန် သတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုခြင်း၊ ရုံးချုပ်သို့တင်ပြခြင်း စသည်တို့ကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။


အဆိုပါ “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် စာကြည့်တိုက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိနားလည်နိုင်မည် ဖြစ်သည်။


ဇော်လင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)