Pages

Pages

ပေါက်တောမြို့ Community Center ခန်းမ၌ ကျောင်းသား ကျောင်းသူကလေးငယ်များအား ကာယဉာဏဖွံ့ဖြိုးစေရေး ပျော်ပွဲရွှင်ပွဲများပြုလုပ်





MNP ၊ ဇူလိုင် ၂၆      

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကျောင်းသား ကျောင်းသူကလေးငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ ပြိုင်ပွဲမစတင်မီ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကျောင်းသားကျောင်းသူ ကလေးငယ်များအား ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စစ်တုရင်ပြိုင်ပွဲ၊ အဖွဲ့လိုက် ဘောလုံးလက်ဆင့်ကမ်း ခြင်းထည့်ကစားနည်းပြိုင်ပွဲများ ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အဖွဲ့များအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာအပြင် အခြားအသိပညာဗသုတရရှိစေရေးအတွက် စာအုပ်စာပေများကို ဖတ်ရှု့သည့် အလေ့အထများနှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق