Pages

Pages

အမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဝါဆိုသ င်္ကန်းကပ်လှူခြင်းအကျိုးအသိပညာ TALK SHOW ကျင်းပ




MNP ၊ ဇူလိုင် ၂၉     

       ရခိုင်ပြည်နယ်၊ းအမ်းမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဝါဆိုသ င်္ကန်းကပ်လှူခြင်းအကျိုးအသိပညာ TALK SHOW ကို ယမန်နေ့ နေ့လည်အချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။


      ဝါဆိုသ င်္ကန်းကပ်လှူခြင်းအကျိုးအသိပညာပေး TALK SHOW ကို ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဌေးဌေးဝင်း၊လုပ် သားရုပ်သံ ဦးဖြိုးဝေဇင် တို့က ဝါဆိုကင်္ကန်းကပ်လှူရ ခြင်းအကျိုးကျေးဇူး (၇)မျိုးကို ပြည်သူအများသိရှိနိုင်ရန်ဆွေးနွေးခဲ့ပါသည်။


ဝါဆိုသင်္ကန်း လှူရခြင်းကောင်းကျိုး (၇)မျိုးမှာ၁။ အဝတ်၊ အထည်အတွက် စိုးရိမ်မှု ကင်းခြင်း။၂။ ရုပ်အဆင်းက ရွှေရောင်အဆင်းနဲ့ပြည့်စုံခြင်း။၃။ ကိုယ်ရောင် အလင်း ထွက်ရှိခြင်း။၄။ အသား အရေ နူညက် ချောမွေ့သူဖြစ်ခြင်း။၅။ မျက်နှာမှာ မှည့်ခြောက်၊ တင်းတိတ်၊ ဝက်ခြံများ ကင်းရှင်းခြင်းပြီး မပြုမပြင်ပဲ လှခြင်း။၆။ ခေတ်ပေါ် အထည် အ ဝတ်များတောင့်တရင် ခဏချင်း ရခြင်း။၇။ ဘုရား ရှင်မှ ဧဟိဘိက္ခု အခေါ်ခံရပြီး ရဟန်းဖြစ်ခြင်း။ေဆာင်ပုဒ်အနေဖြင့်စိုး ရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊ကိုယ်မူရောင် ထွက်၊ နူညက်သားရေ၊ မပေ ညစ်ကြေး၊ ကြံတွေးတောင့်တ၊အဝတ် ရရှိ၊ ဧဟိဘိက္ခု ၊ ခေါ်ပြုရဟန်း၊ ကျွတ် တန်းဝင်ရ၊ ကျိုးသတ္တ၊ မှတ်ကြစီဝရံ။စသည့်အကြောင်းအရာများအားဆွေးနွေးခဲ့ပါသည်။


     ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည်ပြည်သူများသိသင့်သိထိုက်သော အကြောင်းအရာများအား

ဗဟုသုတရရှိစေရန် PNLINE မှတဆင့်လွင့်တင်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق