Pages

Pages

မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် Women Club စာဖတ်ဝိုင်းပြုလုပ်


MNP ၊ ဇူလိုင် ၂၄      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ခင်စောတင့် ရေးသားထားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့်  Women Club စာဖတ်ဝိုင်းကိုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် Women Club အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်နန်းထွေးလင်းကြည်က “လမ်းလျှောက် ထွက်ကြမယ်”ခေါင်းစဉ်ဖြစ်လည်းကောင်း၊ ဒေါ်သန်းသန်းရီက “မကြည်လင်တဲ့ စိတ်နေစိတ် ထားတွေကိုပြုပြင်ကြပါစို့” ခေါင်းစဉ်ဖြစ်လည်းကောင်း၊ နန်းခမ်းဖောင်က “ပန်းဥယျာဉ် အတွင်းဝယ်” စသည့်ခေါင်းစဉ်အသီးသီးကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁) ကြိမ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်သွယ် 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق