Pages

Pages

ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာများအသင်း၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်


MNP ၊ ဇူလိုင် ၂၄      

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ကသာမြို့စာရေးဆရာများအသင်းနာယကကြီး ဦးချစ်မြိုင်(ကသာသင်းမွှေး)က အမှာစကားပြောကြားရာတွင် မြို့နယ်စာရေးဆရာများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ မပြုလုပ်ဖြစ်သည့်အတွက် ယခုလိုခေါ်ယူပြီးအသင်း၏ လုပ်ငန်းဆောင်ရွက်မှုမျာားအပေါ် သုံးသပ် ဆွေးနွေးရန်နှင့် ရန်ပုံငွေဖွံ့ဖြိုးရေး အခြေအနေများ၊ စာရေးဆရာ အသင်းဝင်များအနေဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးပေးကြရန် ပြောကြားသည်။ဆက်လက်ပြီး စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘကသာ)က အသင်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်မှုများအပေါ် ရှင်းလင်းဆွေးနွေးပြီး ကျန်အသင်းဝင်များက အသီးသီးဆွေးနွေးကြသည်။


ထို့နောက် စာရေးဆရာများအသင်း နာယကကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ မိမိတို့ တတ်အားသရွေ့ စာပေများရေးသားပြီး ပြည်သူကိုအကျိုးပြုနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။                                                  


ကျော်စွာ

https://t.me/MyanmarNationalPost




No comments:

Post a Comment