Pages

Pages

CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်နေမှု အခြေအနေ

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃) ကောက်နှုတ်ချက်)


ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်ကို “ပြည်သူတို့၏ လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟုချမှတ်ထားပါကြောင်း၊ လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်စစ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်း ပြီး တရားဥပဒေစိုးမိုးမှုရရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် ကထက် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသည်ဆိုသော်လည်း NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်မှု အားပေး ပြည်ပဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေဆဲပင်ဖြစ် ပါကြောင်း၊ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ  ရဟန်းသံဃာနှင့် သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှု ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၁ လုံး၊ လူနေအဆောက်အဦ ၇၆ လုံး၊ လမ်း တံတားနှင့် တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး တာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။


#MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق