CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များ က ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အခြေအနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များ က ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အခြေအနေ

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃) ကောက်နှုတ်ချက်)


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာများကပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည်များကို ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ရှိသည့် ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်းအသီးသီးတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာ၌ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး ထွက်ပြေးခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။


ထို့ပြင် အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်း စသည်များကိုလည်း ကျူးလွန်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သုနန္ဒာရာမဘုန်းတော်ကြီးကျောင်း အတွင်း အတန်းဆုံးစာမေးပွဲ ဖြေကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ကြားနေသည့် ကိုရင်(၁)ပါးနှင့် ကျောင်းသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါကြောင်း။


ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်)တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်ကို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အတွက် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များကိုကြည့် ပါက လက်နက်ကိုင်အကြမ်းဖက်မှုကို ကျူးလွန်ရုံသာမက ကျောင်းနေအရွယ်ကလေး များ၏ ပညာသင်ယူခွင့်ကိုသာမကဘဲ နိုင်ငံတော်၏ ပညာရည်နိမ့်ပါး ကျဆင်းလာ အောင် ရည်ရွယ်လုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဇူလိုင် ၃၀ ရက်အထိ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဆောက်အဦ ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)