Pages

Pages

တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP ၊ ဇူလိုင် ၂၅      

ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခဌာနမှူးများ၊ နည်းပညာ တက္ကသိုလ်မှပါမောက္ခနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့်  Gasifierအသုံးပြု လည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးကြပ်မတ်ရန် လိုအပ်ပါ ကြောင်း၊  Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများ မရှိအောင်လည်း နည်းပညာများရှာဖွေ၍ စနစ်တကျ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ Gasifier လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာများတိုးတက်ပြောင်းလဲရေးအတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။


ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မျိုးမြတ်မွန်စပါးခွံလောင်စာတောင့်လုပ်ငန်းရှိ စပါးခွံလောင်စာသုံး Wet Type System ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအားလည်းကောင်း၊ Gasifier များ ထုတ်လုပ်တပ်ဆင်သူ ဗန္ဓုလ ဦးမြင့်ခိုင်က Dry Type System ၏ အားသာချက်/အားနည်းချက်များအား ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق