ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲ


MNP ၊ ဇူလိုင် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ Gasifier စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ စပါးခွံ Gasifier သုံး ရဲထွန်း ဆန်စက်သို့ ရောက်ရှိပြီး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အသုံးပြုလျက်ရှိသည့် Gasifier စက်ရုံများနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အကျိုးရှိစွာသုံးစွဲရန် လိုအပ်ကြောင်း၊ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကောင်းမွန်သော နိုင်ငံ၏ ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ကျန်းမာ‌ရေးဆိုးကျိုးများ မရှိစေရန် သတ်မှတ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တော်ဝင်ဟင်္သာဆန်စက်သို့ ရောက်ရှိပြီး စပါးခွံလောင်စာသုံး Gasifier စက်ရုံနှင့် စပါးခွံလောင်စာတောင့် ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)