ကသာမြိုနယ်၊ ဒုံးအော့ကျေးရွာအနီး KIA/PDF အလောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြိုနယ်၊ ဒုံးအော့ကျေးရွာအနီး KIA/PDF အလောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိခဲ့


MNP ၊ ဇူလိုင် ၃၀

ကသာမြိုနယ်၊ ဒုံးအော့ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များသည် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈နာရီ ၂၅ မိနစ်ခန့်တွင် KIA/PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KIA/PDF အလောင်း ၂ လောင်း၊ Motorola လမ်းလျှောက်စကားပြောစက် ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများသည် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့်အချိန်မှစ၍ တော်လှန်ရေးဟု ခေါင်းစဉ်တပ်ကာ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ရာ ၂နှစ်ခွဲကျော် ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၁၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။

NLD ပါတီသည် ဥပဒေနှင့်အညီ ဆက်လက်ရပ်တည်ခြင်းမရှိသောကြောင့် ဖျက်သိမ်းခံခဲ့ရပြီးဖြစ်ရာ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးရသည့်အဖြစ်မျိုး ထပ်မံမကြုံတွေ့စေရန် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများက ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများကို အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးရန် မျှော်လင့်နေကြသည်။

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)