ကျောက်တံခါးမြို့ရှိ အထင်ကရရွှေဘုန်းတိုးစေတီအား KNU နှင့် PDF အကြမ်းဖက်သများမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့ရှိ အထင်ကရရွှေဘုန်းတိုးစေတီအား KNU နှင့် PDF အကြမ်းဖက်သများမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်



MNP ၊ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက် လယ်ကွင်းပြင်ရှိ ရွှေဘုန်းတိုးဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်တာဝါတိုင်အား ယမန်နေ့ ည သန်းခေါင်အချိန် ၁၂ နာရီအချိန်ခန့်က KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


KNUနှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက ရွှေဘုန်းတိုးစေတီပေါ်သို့ ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ရာ ဘုရားဘေးရှိ  နတ်စင်တစ်ခုပျက်ဆီးခဲ့ပြီး ဗုံးစများ စေတီတော်သို့ ထိမှန်ခဲ့ကြောင်း၊  လျှပ်စစ်ဆက်သွယ်ရေး တာဝါတိုင် 230KV Single Line ပေါ်ရှိ တောင်ငူ – သာယာကုန်း – ပဲခူးကမာနတ် သို့ဆက်သွယ်ထားသော တာဝါတိုင်ကြီး တစ်ခုပြိုကျပျက်ဆီးခဲ့ကြောင်း၊ အဆိုပါ တာဝါတိုင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ မြို့နယ်များတွင်လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိကြောင်း သိရပါသည်။


KNUနှင့် PDF အကြမ်းဖက်သောင်းကျန်းသူများသည် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ထောက်ခံသူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း၊ အများပြည်သူသွားလာအသုံးပြုနေသော လမ်းတံတားများ၊ တာဝါတိုင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရဌာနဆိုင်ရာအဆောက်အအုံများကို ဖောက်ခွဲဖောက်ခွဲခြင်း၊ ဒရုန်း ဖြင့် Drop Bomb များ ပစ်ချခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်လုပ်ဆောင်လျှက်ရှိသည်။


KNUအနေဖြင့် NUGအကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လမ်းတံတားများ ဖောက်ခွဲဖျက်ဆီးခြင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)