Pages

Pages

KNU/PDF အကြမ်းဖက်သမားများက ခရီးသွား ကျောင်းသားပြည်သူများရဲ့ ဆိုင်ကယ် နှင့်တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်း နှင့်ငွေများအား အကြမ်းဖက်ယူဆောင်သွား


MNP ၊  ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြိုနယ်တွင် ယနေ့မနက် ၈ နာရီ နှင့် ၉နာရီခန်တွင် ကျောက်ကြီး နတ်သံကွင်းလမ်း ညောင်ကုန်းကျေးရွာနားတွင် KNU/PDF အကြမ်းဖက် သောင်းကျန်းသူများမှ ကျောက်ကြီး မှ နတ်သံကွင်သို့ ဈေးရောင်းသွားသူများနှင့် ခရီးသွားကျောင်းသား ကျောင်းသူများအား ဖမ်းစီးပြီး လုယက်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

KNU/PDF အကြမ်းဖက်သမားများက  ဆိုင်ကယ်၊ လက်ကိုင်ဖုန်း မှတ်ပုံတင် နှင့် ပိုက်ဆံများယူဆောင်သွားရာ မပွင့်ဖြူဦး (ဘ) ဦးစိုးနိုင် သိန်တန်းရပ်ကွက် နေသူထံမှ Dayang 110 နှင့် ဖုန်း တစ်လုံး၊ မနန်း (.ဘ) ဦးသောင်းလှိုင် သိန်တန်းရပ်ကွက် နေသူထံမှ L.J 110 တစ်စီး၊ မဆည်းဆာဝင်း (ဘ) ဦးကျော်ဝင်းစိန် သိန်တန်းရပ်ကွက်နေသူထံမှ D.M 125 နှင့် လက်ကိုင်းဖုန်း တစ်လုံး၊ ကိုသက်နိုင်ဦး (ဘ) ဦးနိုင်ဦး ထံမှ Wave 100၊ ဖုန်း၊ မှတ်ပုံတင်နှင့် ငွေ သုံးသိန်း၊ ဝင်းကိုကိုဖြိုး(ဘ) ဦးကျော်မင်းထွန်း  ပဲခူးရပ်ကွက် နေသူထံမှ Dayang 110 နှင့် ဖုန်းတစ်လုံး ၊ စိုင်းမွန်ဇော် (ဘ) ဦးလှဖုန်း ပဲခူးရပ်ကွက်နေသူထံမှ မှတ်ပုံတင်နှင့် လက်ကိုင်းဖုန်း၊ သက်မင်းထွန်း (ဘ) ဦးထွန်းမောင် ပဲခူးရပ်ကွက်  Wave 125 နှင့် ဖုန်းတစ်လုံး၊ ဝင်းနိုင်ထွန်း ခ အညာသား ငါးရိုး ထံမှ 125 ဆိုင်ကယ်တို့အား ဓားမြတိုက် ယူဆောင်သွားကြောင်း သိရသည်။

KNU/PDF အကြမ်းဖက်သမားများက ဖမ်းဆီးထားသူများအား ပြန်လွှတ်၍ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ သို့ စစ်ကြောင်းများမရောက်မှီ  ပစ္စည်းများကို ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق