ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်ပျက်ကွက်သည့် ကလေးငယ်များနှင့်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ရပ်ကွက်များအလိုက် Mobile စနစ်ဖြင့်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်ပျက်ကွက်သည့် ကလေးငယ်များနှင့်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ရပ်ကွက်များအလိုက် Mobile စနစ်ဖြင့်ဆောင်ရွက်


MNP ၊ ဇူလိုင် ၂၇      

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ​သေးသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော ကလေးငယ်များအား အမှတ်(၁၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စုရပ်ပြုလုပ်၍သော်လည်းကောင်း၊ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် (၉) နာရီအချိန်တွင် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန် ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးသည် ကလေးငယ်များကို ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်၊ ဂျိုက်သိုးမေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပိုလီယိုစသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများဖြစ်ပြီး သတ်မှတ်အကြိမ်ရေ ပြည့်မီစေရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်း၍ Mobile စနစ်ထိုးနှံပေးခြင်းဖြစ်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။


ထို့အပြင် မိခင်နှင့်ကလေးများ ကျန်းမာစွာနေထိုင်တတ်စေရေး၊ ကျန်းမာရေးအသိကြွယ်ဝစေ ရေးနှင့် ကလေးများအား အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်မည့်ရောဂါများအား သိရှိနိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများအပြင်  ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသက်ဆိုင်ရာ အလိုက်ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇွဲမင်းထက်

https://t.me/MyanmarNationalPost





ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)