Pages

Pages

မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းရှိ PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားရာမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



MNP ၊ ဇူလိုင် ၂၃

ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ကြံခင်းမြို့ရဲ့မြောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း ယမန်နေ့က ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများ နေထိုင်ခြင်း မရှိသော PDF အကြမ်းဖက်စခန်းတစ်ခု တွေ့ရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းရှိ PDF အခြေပြုစခန်းမှ  လက်လုပ်ရှေ့ထွက်မိုင်း ၄လုံး၊ သံကိုယ်ထည်လက်လုပ်လက်ပစ်ဗုံး ၈လုံး၊ သံကိုယ်ထည်လက်လုပ်မီးရှို့လက်ပစ်ဗုံး ၄၇လုံး၊ လက်လုပ်ရှော့တိုက်မိုင်း(သေး) ၁လုံး၊ လက်လုပ်ရှော့တိုက်မိုင်း(လတ်) ၁လုံး၊ လက်လုပ်ရှော့တိုက်မိုင်း(ကြီး) ၃လုံး၊ ကော်ပိုက်လက်လုပ်မီးရှို့လက်ပစ်ဗုံး ၆လုံး၊ ယမ်းပျော့ ၅ထုပ်၊ ယိုးဒယားယမ်းမှုန့် ၂ထုပ်၊ ယမ်းစိမ်းမှုန့် ၃ထုပ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လူမဆန်သည့် လုပ်ရပ်များကို ရွံမုန်းလာသည့် ပြည်သူများအနေဖြင့် ယခုကဲ့သို့ တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက် ခိုင်မာတိကျစွာ ပေးပို့မည်ဆိုပါက PDF အကြမ်းဖက်သမားများကို အမြန်ဆုံး နှိမ်နင်းဖယ်ရှားနိုင်မည်ဖြစ်သည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق