Pages

Pages

လင်းခေးမြို့တွင် PDF အကြမ်းဖက်အဖွဲ့တွင်းမှ ထွက်ပြေးလာသူ ၁ ဦး ဖမ်းမိ



MNP ၊ ဇူလိုင် ၂၄

လင်းခေးမြို့အဝင်မှာ အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယမန်နေ့က PDF အကြမ်းဖက်သမား ၁ဦးနှင့်  ၎င်း၏ ဇနီး တို့အား ဖမ်းဆီး ထိန်းသိမ်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ PDF အကြမ်းဖက်အဖွဲ့ဝင်မှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများမှာ တော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း သူခိုး၊ ဓားမြလုပ်၍ ရပ်တည်နေရခြင်းကြောင့် PDF အဖွဲ့တွင်းမှ ထွက်ပြေးလာသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်ခေါင်းဆောင်များ က လေစိုက်၊ PDF အကြမ်းဖက်သမားများက အသက်ခန္ဓာစိုက်၍ လုပ်ဆောင်လျက်ရှိသော တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လှုပ်ရှားမှုအတွင်း လူငယ်များ အတိဒုက္ခမရောက်စေရန် ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက လမ်းဖွင့်ပေးထားပြီး လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများကိုလည်း လက်နက်အမျိုးအစားပေါ် မူတည်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိသည်။


#MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق