မြိုင်မြို့နယ်တွင် တောင်သူ လုပ်ကိုင်နေသူများ ကို PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်ရာ တောင်သူ လင်မယား ၂ဦး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့နယ်တွင် တောင်သူ လုပ်ကိုင်နေသူများ ကို PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်ရာ တောင်သူ လင်မယား ၂ဦး သေဆုံး


MNP ၊ ဇူလိုင် ၂၂

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမကျေးရွာအုပ်စု  အရှေ့မြောက်ဘက်ရှိ ယာမြေများပေါ်တွင် လယ်ထွန် အလုပ် လုပ်ကိုင်နေကြသော တောင်သူ ၁၀ ဦးခန့်နှင့် နွား၊ သိုး၊ ဆိတ်များကို စားကျက်မြေသို့ အစာကျောင်းနေသော နွား ဆိတ်ကျောင်းသားများအား မြိုင်မြို့နယ် ပန်တိုင်းတော အနီးတဝိုက်တွင် အခြေပြု လှုပ်ရှားနေသော အကြမ်းဖက် PDF များမှ အကြောင့်မဲ့ လာရောက်ပစ်ခတ် ခဲ့ရာ တောင်သူ လင်မယား ၂ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် တွင်းမ အလယ်စုကျေးရွာမှ ကိုထွန်းလင်းအောင် နှင့် ဇနီး မမိုးကြည်တို့မှာ အသတ်ခံရပြီ လက်ပံပင်ကျေးရွာမှ ကိုကြိုင်ဦး၏ နွားတစ်ရှင်းအား ပန်တိုင်းတောကျေးရွာဘက်သို့ PDF အကြမ်းဖက်သမားများက မောင်းနှင်ယူဆောင်သွားကြောင်း သိရသည်။

အသတ်ခံရသူများ ၏ ရုပ်အလောင်း ကို ယနေ့နံနက်မှ သွားကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)