MNP ၊ ဇူလိုင် ၂၂
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမကျေးရွာအုပ်စု အရှေ့မြောက်ဘက်ရှိ ယာမြေများပေါ်တွင် လယ်ထွန် အလုပ် လုပ်ကိုင်နေကြသော တောင်သူ ၁၀ ဦးခန့်နှင့် နွား၊ သိုး၊ ဆိတ်များကို စားကျက်မြေသို့ အစာကျောင်းနေသော နွား ဆိတ်ကျောင်းသားများအား မြိုင်မြို့နယ် ပန်တိုင်းတော အနီးတဝိုက်တွင် အခြေပြု လှုပ်ရှားနေသော အကြမ်းဖက် PDF များမှ အကြောင့်မဲ့ လာရောက်ပစ်ခတ် ခဲ့ရာ တောင်သူ လင်မယား ၂ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် တွင်းမ အလယ်စုကျေးရွာမှ ကိုထွန်းလင်းအောင် နှင့် ဇနီး မမိုးကြည်တို့မှာ အသတ်ခံရပြီ လက်ပံပင်ကျေးရွာမှ ကိုကြိုင်ဦး၏ နွားတစ်ရှင်းအား ပန်တိုင်းတောကျေးရွာဘက်သို့ PDF အကြမ်းဖက်သမားများက မောင်းနှင်ယူဆောင်သွားကြောင်း သိရသည်။
အသတ်ခံရသူများ ၏ ရုပ်အလောင်း ကို ယနေ့နံနက်မှ သွားကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق