Pages

Pages

လောက်ကိုင်မြို့၊ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ် RCC စာသင်ဆောင် (အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တော်ရိုက်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပ



MNP ၊ ဇူလိုင် ၂၇      

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ် RCC စာသင်ဆောင်(အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တော် ရိုက်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မင်္ဂလာအချိန်တွင် ကျောင်းဆောင်သစ် ပန္နက်တော်ရိုက်အခမ်းအနားကို စတင်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ ပန္နက်တိုင်ကို စတင်စိုက်ထူ ခဲ့ပြီး အမွှေးနံ့သာရည်များကို ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ဒေသပညာရေးမှူး ဦးသန်း​မော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက ပန္နက်တိုင်များကို သတ်မှတ်နေရာ  များတွင် အသီးသီးစိုက်ထူပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။


ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် KHO MIN Co,Ltdမှ တာဝန်ခံအင်ဂျင်နီယာက ကျောင်းဆောင်သစ် (၃) ထပ်ဆောင်ဆောက်လုပ်မည့်အခြေအနေကို ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့သည်များအား တာဝန်ခံအင်ဂျင်နီ ယာက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ဘတ်ဂျက် မှ ငွေကျပ် (၈၆၄.၉၆၂) သန်း ခွဲဝေချထားပေးကြောင်းကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ချန်ထွန်းအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق