Pages

Pages

ယူကရိန်း အစိုးရထံ Stryker သံချပ်ကာယာဉ် ၃၂ စီး စေလွှတ်မည်ဟု အမေရိကန်က ပြောကြား



နယူးယော့ခ် ၊ ဇူလိုင် ၂၅

ယူကရိန်းကို အမေရိကန် ဒေါ်လာ ၄၀၀ မီလီလျံ စစ်ရေးအကူအညီပေးဆောင်ရန် ပက်ကေ့ခ်ျအသစ်တွင် Stryker သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၃၂ စီး ပါဝင်ကြောင်း အေပီသတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြသည်။

သတင်းအေဂျင်စီ၏အဆိုအရ ဝါရှင်တန်သည် ယူကရိန်းအစိုးရအား ဟော့ဝစ်ဇာအမြောက်ကျည်များ၊ Hydra-70 ဒုံးပျံများ၊ စောင့်ကြည့်ရေး Hornet ဒရုန်းများ၊ HIMARS နှင့် NASAMS ဒုံးကျည်များအပြင် Stingers နှင့် Javelins များထံသို့လည်း ပေးပို့သွားမည်ဟု သိရသည်။ ထို့အပြင် အမေရိကန်သည် လက်နက်ငယ်ကျည် ၂၈ သန်းခန့် ပံ့ပိုးပေးမည်ဖြစ်သည်။

အစောပိုင်းတွင် အမေရိကန်သည် ဒေါ်လာ သန်း ၄၀၀ တန် စစ်ရေးအကူအညီ အစီအစဉ်သစ်ကို ဇူလိုင် ၂၅ ရက်တွင် ကြေညာနိုင်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။


Ref - TASS

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق