Tiktok ဆယ်လီဇော်ဝင်းမောင် ကို ဖမ်းဆီး ထိန်းသိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

Tiktok ဆယ်လီဇော်ဝင်းမောင် ကို ဖမ်းဆီး ထိန်းသိမ်း


MNP ၊ ဇူလိုင် ၂၆

Tiktok ဆယ်လီဇော်ဝင်းမောင် ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ သူ၏ Tiktok ရုပ်သံတွင် နိုင်ငံတော်ဝန်ကြီးချုပ်အား ဆဲဆိုရမ်းကားထားသော ရုပ်သံကို ဖန်တီးရိုက်ကူး ဖြန့်ဝေထားခြင်း ဖြစ်သည်။

အနုပညာရှင်နှင့် ဆယ်လီအများစုသည် လူပြိန်းကြိုက် လက်သုံးချောင်းထောင်ခြင်း၊ ဆဲဆိုရမ်းကား ရုပ်သံများ ဖန်တီးထုတ်လွှင့်ခြင်းများ လုပ်ခဲ့ကြပြီး တရားစွဲဆိုမှုများ ခံခဲ့ရသော်လည်း နိုင်ငံတော်က အမှုများရုပ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အဆိုပါ အကြမ်းဖက်လှုံ့ဆော် အနုပညာရှင်များ၊ ဆယ်လီများအနေဖြင့် NLD ပါတီကို အားပေးထောက်ခံသော စိတ်ဖြင့် တပ်မတော်နှင့်အခြားသော အဖွဲ့အစည်းများကို ထိပါးစော်ကား ဆဲဆိုရမ်းကား ပြောဆိုခဲ့ကြသော်လည်း နိုင်ငံတော်က စာနာထောက်ထားမှုဖြင့် အမှုများ ရုပ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များ မကျူးလွန်ကြရန် ပြောဆိုခြင်း မရှိခဲ့ပေ။

အကြမ်းဖက်လှုံ့ဆော်ရာမှ ဖမ်းဆီးခံရသူများထဲတွင် ဒါရိုက်တာဝိုင်း၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ ကဲ့သို့သော အနုပညာနယ်ပယ်တွင် ထင်ရှားသူများ ပါဝင်ခဲ့ကြသည်။ အမှုများ ရုပ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည့်တိုင်အောင်လည်း ၎င်းတို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်ခဲ့ကြသည့် လူငယ်များ အသိမှန် အမြင်မှန်ရရှိရေး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းမှ ရပ်တန့်ကြရန် ပြောဆိုကြခြင်း မရှိသေးပေ။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)