MNP ၊ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၄၀၀)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိ စစ်ပြီးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးပြေကျော်နှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ညောင်ဦးမြို့နယ်အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစီစစ် ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူပြီး Database တွင်သိမ်းဆည်းကာ မတူညီသောဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ခြင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို Internet Line ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ်အထက်ရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ် နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင် မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူ မည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင် ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق