ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ အမှန်တကယ်လုပ်ကိုင်နိုင်သည့် အေဂျင်စီများ လိုင်စင်အသစ်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ အမှန်တကယ်လုပ်ကိုင်နိုင်သည့် အေဂျင်စီများ လိုင်စင်အသစ်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ


MNP ၊ သြဂုတ် ၁

ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ၂/၂၀၂၃ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး၊ အလုပ်သမားသံအရာရှိ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသည့် MoU လေးနှစ်ပြည့် မြန်မာအလုပ်သမားများ MoU U-turn စနစ်ဖြင့် ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေး အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးတွင် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းခဲ့ပြီး သက်ဆိုင်ရာဌာနများအကြား MoU U-turn စနစ်ဖြင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမား အများဆုံးသွားရောက်လုပ်ကိုင်နေသည့် နိုင်ငံဖြစ်ပြီး အဆိုပါ အလုပ်သမားများကို တရားဝင် MoU U-turn စနစ်ဖြင့် ပြန်လည်စေလွှတ်နိုင်ပါက ၎င်းတို့၏ မိသားစုလွှဲပို့ငွေများကို မိခင်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် ပြန်လည်လွှဲပို့နိုင်မည်ဖြစ်၍ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိ စေမည်ဖြစ်ကြောင်း။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် MoU လေးနှစ်ပြည့် Passport သက်တမ်းတိုး ဆောင်ရွက်ခဲ့သည့် အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး MoU U-Turn စနစ်ဖြင့် ပြန်လည် ထွက်ခွာပါက OWIC ကတ်ထုတ်ပေးရမည်ဖြစ်ပြီး PJ စာအုပ် ကိုင်ဆောင်ပြီး သက်တမ်းတိုးဆောင်ရွက်သည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီးနောက် ထွက်ခွာချိန်တွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြိုနယ်၌ အချက်အလက်များစိစစ်၍ OWIC ကတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားများမှ ပြန်လည်လွှဲပို့သည့် မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်း ပြန်လည် လွှဲပို့နိုင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၏ လိုင်စင်အသစ် လျှောက်ထားခြင်း ကိစ္စရပ်များအတွက် ပြည်ပနိုင်ငံများတွင် အလုပ် သမားရေးရာကိစ္စများ ပေါ်ပေါက်လာပါက တာဝန်ယူ စေလွှတ်သည့် အေဂျင်စီအနေဖြင့် အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် အမည်ခံအေဂျင်စီနှင့် မမှန်မကန်လုပ်ဆောင်နေသည့် အေဂျင်စီများကို တားဆီးကာကွယ်ရေးအတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် အေဂျင်စီများသာ လိုင်စင်အသစ် လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်သည့် ရည်ရွယ်ချက်၊ နိုင်ငံများနှင့် စည်းကြပ်သည့်ဥပဒေနှင့် အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် လျှောက်ထား လာမှုအပေါ် စိစစ်ထုတ်ပေးနေမှု၊ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုနှင့် မိသားစုလွှဲပို့ငွေကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyamarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)