မိတ္ထီလာမြို့အောင်ဆန်းမြို့သစ်ဈေးတွင်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် စွဲကင်းစင်ပပျောက်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့အောင်ဆန်းမြို့သစ်ဈေးတွင်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် စွဲကင်းစင်ပပျောက်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ဆောင်ရွက်


MNP ၊  ဩဂုတ်  ၃

မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်ဆန်းမြို့သစ်ဈေးတွင် ဈေးရောင်းဈေးဝယ်များ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေး ကမ်ပိန်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အောင်ဆန်းမြို့သစ်ဈေးအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများက အောင်ဆန်းမြို့သစ်ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပလတ်စတစ်အစားထိုး စားသောက်ကုန်ထုတ်ပိုးနိုင်သည့်အင်ဖက်များကို လှည့်လည်ဖြန့်ဝေပေးပြီး ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှုကင်းစင် ပပျောက်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)