နမ့်ခမ်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ခမ်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ


MNP ၊  ဩဂုတ်  ၂

ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် (၁၀:၀၀)အချိန်က ဒေသခံပြည်သူများဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။


ရှေးဦးစွာ စာဖတ်ဝိုင်းတွင် နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယုမြိုင်က စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ဒေသခံပြည်သူများကို စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိသည့် အကျိုးကျေးဇူးများ၊ မိမိတို့၏ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းတို့ကို ပြောကြားခဲ့ပြီး စာရေးဆရာ မောင်ခင်မင် (ဓနုဖြု)ရေးသားထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင် ရွက်ခဲ့ပါသည်။


 အဆိုပါစာအုပ်မှ “တပည့်တွေအကြောင်း”၊ “လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့ အရာများ”နှင့် “ပညာတတ်ဖို့ စာဖတ်ရမည်”စသည့် ခေါင်းစဉ်ငယ်တို့ကို မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာသော ဒေသခံစာဖတ်ဝါသနာရှင်များက ဖတ်ကြားဆွေးနွေးခဲ့ကြပါသည်။ ထိုအပြင် စာဖတ်ဝိုင်းသို့ တက်ရောက် ဆွေးနွေးကြသူတစ်ဦးချင်းစီ၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost








ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)