မောက်မယ်မြို့နယ် ရဲတပ်ဖွဲ့ မဏိဇောတဓမ္မာရုံ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ် ရဲတပ်ဖွဲ့ မဏိဇောတဓမ္မာရုံ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ





MNP ၊  ဩဂုတ်  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဇော်ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများတို့မှ မြို့နယ်ရဲတပ်ဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ­မဏိဇောတဓမ္မာရုံ၌  ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကြွရောက်တော်မူကြသောဆရာတော် သံဃာတော်များနှင့် ဒကာများအားလုံးတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင် ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဲမှူးမြင့်ဇော်နှင့် စခန်းမှူးတို့က သံဃာတော်အရှင်မြတ်တို့အား ဆွမ်းအစရှိသော ဝါဆိုသင်္ကန်းနှင့်ဒါတဗ္ဗဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပူဇော်ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)