MNP ၊ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက (၂၀၁၂)ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာ၀န်ခံအရာရှိ ဦးသန်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် (၂၀၁၂)ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတာ၀န်ခံအရာရှိက ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င် မှတ်ပုံတင်ထားသော Century Beverage Co.,Ltd မှ အာမခံအလုပ်သမား ဦးနေဇော်ဟိန်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် (၄၃၂၀၀၀ဝိ/)အား ကျန်ရစ်သူ မိသားစုသို့လည်းကောင်း၊ တိုင်းဒေသကြီး အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာ၀န်ခံ အရာရှိဒေါ်သန်းသန်းထွန်းက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အာမခံအလုပ်သမားဒေါ်ဘောက်ရာ၏ ကိုယ်စား အကျိုးခံစားခွင့် ငွေကျပ် (၂၄၄၅၈၈၅ိ/) ကို ဒေါ်မြင့်မြင့်ထွေးသို့လည်းကောင်း ခွင့်ပြုထုတ်ပေးခဲ့သည်။ ထို့နောက် ကျန်ရစ်သူ မိသားစုများကိုယ်စား Century Beverage Co.,Ltd မှ တာ၀န်ရှိသူ ဦးသန်းထွန်းအောင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်စိမ်း၀င်း
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق