Pages

Pages

မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှုရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့သစ်မြို့ သာလေးသာသမိုင်းဝင်လှိုင်နံ့သာစေတီတော်ပရဝူဏ်အတွင်း “ဓမ္မပါလ” ဗိမ္မမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပြီး ဓမ္မာသိဥ္စနာရာမကျောင်းဆရာတော် ဦးဆောင်သော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော် အလှူရှင်များက ဆရာတော်အရှင်သူမြတ်တစ်ပါးလျှင် ဝါဆိုသင်္ကန်းတစ်စုံစီနှင့် နဝကမ္မအလှူငွေတို့အား အသီးသီး ဆပ်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဓနာတရားနာကြားကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق