မက်မန်းမြို့နယ်တွင် လူငယ်ရေးရာ စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့နယ်တွင် လူငယ်ရေးရာ စကားဝိုင်းကျင်းပ




MNP ၊  ဩဂုတ်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေး၊ ဝိုင်းဖွဲ့ဆွေးနွေး အဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စွာ ယူဆတတ်စေရေးနှင့် စာပေများရင်းနှီးကျွမ်းဝင်စေရန်အတွက် လူငယ်နှင့်စာဖတ်ရှိန်မြှင့်တင်ရေးစကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်နှင့် စာဖတ်ရှိန် မြှင့်တင်ရေး စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မအီမွန်းက ဦးဆောင်၍ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးအားလည်းကောင်း၊ စာဖတ်ရာတွင် ရသစာပေများကို ဖတ်ရှုရာမှတစ်ဆင့် ဗဟုသုတရဖွယ်စာအုပ်များတိုး၍ ဖတ်ရှုရမည့် အခြေအနေများ အားလည်းကောင်း၊ မအေးအုပ်က လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အထများကို ပြန်လည်မွေးမြူရမည့် အခြေအနေများ၊ လူငယ်များသည် အတုမြင်အတတ်သင်တတ်သည့်အတွက် မကောင်းမှုတွင် မွေ့ပျော်နိုင်သည့်အတွက် အမှား၊ အမှန်များကို စာပေဖတ်ရှု၍ ခွဲခြားနိုင်မည့် နည်းလမ်းများအား လည်းကောင်း၊ မထားထားနိုင်က နည်းပညာများ တိုးတက်လာသည့်အတွက် စာဖတ်သည့်အလေ့အထများ အားနည်းခြင်းဖြစ်ပေါ်လာသည့် အခြေအနေများ အားလည်းကောင်း၊ မနာခူက စာဖတ်ဝိုင်းများကို အရှိန်မြှင့်ဆောင်ရွက်သင့်သည့် အကြောင်းအရာများ၊ စာဖတ်သူတစ်ဦးအနေဖြင့် အမှားအမှန်ကို ချင့်ချိန် ဆောင်ရွက်နိုင်မှုူများ၊  နိုင်ငံတကာတွင် လူငယ်များ၏ စာဖတ်သည့် အလေ့အထနှင့် အမူအကျင့်များအားလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


စောဥမ္မာ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)