အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ် အသီးသီးချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ် အသီးသီးချမှတ်



MNP ၊ သြဂုတ် ၃

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသော အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများထဲမှ ဖမ်းဆီးရမိထားသူတချို့ကို သက်ဆိုင်ရာမြို့နယ်များတွင် ၂ - ၈ -၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ရပ်ကွက်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ မလာရောက်နိုင်စေရန် ကျောက်ခဲများစုပုံ၍ လမ်းပိတ်စို့ခြင်း၊ ရပ်ကွက်အတွင်း ကင်းစောင့်ခြင်းများတွင် ပါဝင်ခဲ့ခြင်းနှင့် PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့သူ တရားခံ ထွန်းထွန်းအောင်၊ တရားခံ လွင်မာဦး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ ရေးသားထားသောစာများ၊ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင် ကြေငြာထားသည့် NUG/PDF အကြမ်းဖက်အဖွဲ့များအား အားပေးထောက်ခံသော ဓါတ်ပုံများနှင့် စာသားများအား ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ကျော်ဖြိုးထွန်းအား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ဆားလင်းကြီးမြို့နယ်၊ ရုန်းပင်ရိုးကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်အဖွဲ့များမှ တင်ထားသော ပြောက်ကြား ဝတ်စုံဝတ် လက်နက်ကိုင်များ၏ ဓါတ်ပုံများ၊ PDF အကြမ်းဖက်သမားများ အလှူခံသည့် ပိုစ်တို့အား Screen short ရိုက်ပြီး သိမ်းဆည်းထားသူ တရားခံ မျိုးမောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)