MNP ၊ ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာတင်လင်းဇော် ရေးသားသည့် "လေဆန်သည့်ငှက်လှိုင်းထက်ကလှေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင်ပါရှိသော အခန်း(၁)နှင့်အခန်း(၂)ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူဦးလှသောင်းက အခန်း(၃)နှင့်အခန်း(၄)ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်မော်ရီဌေးက အခန်း(၅)နှင့်အခန်း(၆)ကိုလည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆို အနေအထိုင်များနှင့်သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق