ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၄

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့၊ မွန်းလွဲ(၁)နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စားသုံးသူ ရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်များသို့ သွားရောက်ကာ စာဖတ်သူများအကြိုက်စာအုပ်စာစောင်များကို ယူဆောင်ကာ သွားရောက်ငှားရမ်းပေးခြင်းအားဆောင်ရွက်ခဲ့ကြသည်။ 


 ဂွမြို့နယ် အနေဖြင့် မိုဘိုင်းစာကြည့်တိုက်အား တစ်ပတ်လျှင် တစ်ကြိမ် ကွင်းဆင်းကာ  သုတ/ရသစာအုပ်စာစောင်များကို အခမဲ့ လဲလှယ် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)