Pages

Pages

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေကျပ် (၃၆၁) ဒသမ (၅၀) သိန်းထုတ်ချေးပေး


MNP ၊  ဩဂုတ်  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၈ ရက်နေ့မှစတင်၍ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် လည်းကောင်း၊ အခြားသီနှံ တစ်ဧကလျှင် (၁၀၀၀၀၀) နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက (၁၀) ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် (၁၀၀) ကို တစ်နှစ်လုံးအတွက် ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ပြန်ဆပ်သည့်အခါ အတိုးအရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။


ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၆) အုပ်စု၊ ဇမ္ဗူသီရိမြို့နယ်မှ ကျေးရွာအုပ်စု ၃ အုပ်စုနှင့် ဥတ္တရသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ အုပ်စုတို့မှ တောင်သူပေါင်း (၄၃၁၄) ဦးတို့၏ စပါးစိုက်ဧက ၁၇၃ ဧကနှင့် အခြားသီးနှံစိုက်ဧက (၆၈) ဧက အတွက် စုစုပေါင်းငွေကျပ် (၂၅၈၂၁၅၀၀၀၀) ကျပ်အား  လျာထားလျက်ရှိရာ ယနေ့တွင် ဆင်သေကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၈၆) ဦး၏ စပါးစိုက်ပျိုးဧက (၁၅၃) ဧကနှင့် အခြားသီးနှံစိုက်ပျိုးဧက (၁၃၂) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်း  ငွေကျပ် (၃၆၁) ဒသမ (၅၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း” ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق