Pages

Pages

နောင်ချိုမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့၌ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများဖြင့် စည်ကား



MNP ၊  ဩဂုတ်  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဘုရာစေတီ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆပ်ကပ်လှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရှားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ပဥ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရာဦး ဟောကြားခဲ့သော နေ့ထူးနေ့မြတ်ဖြစ်ခြင်းကြောင့်  မြို့နယ်အတွင်းရှိ ဘုရာစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါတွင်းကာလ သီတင်းသုံးနေထိုင်ကြသည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနိုင်စေရေးအတွက် ဝါဆိုသင်္ကန်း ဆပ်ကပ်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق